===================================================
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်အတွင်းရှိ လိပ်ခုံးကျေးရွာနှင့် ဒေါက်ရပ်ကျေးရွာတို့၌ (၂၂-၇-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုတ်ခတ်မှုကြောင့် ပြိုကျခဲ့သည့် လူနေအိမ် (၃) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံး စုစုပေါင်းလူနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၁၅၀၀၀ိ/-)၊ လူဦးရေ (၁၃) ဦးအတွက် ဆန်(၇) ရက်စာဖိုးငွေ (၂၇၃၀၀ိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း (၆၄၂၃၀၀ိ/-) တို့အားလည်းကောင်း၊ ပြိုကျအိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး (၃) အိမ်ထောင်စာ Family kit (၃) ထုပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စာနှင့် ရေပုံးအဖုံးပါ (၆) ပုံးတို့အားလည်းကောင်း ဘီးလင်းမြို့နယ်အစည်းဝေးခန်းမ၌ (၂၃-၇-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။