ဖျာပုံမီးဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့၌ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်တွင် မီးဘေးသင့်ခဲ့ရသည့် ပြည်သူများထံသို့ ဖျာပုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၇ နာရီက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အခြားအသုံးအဆောင်ပစ္စည်း (၂၆) မျိုး အရေးပေါ်ထောက်ပံ့သည့် အဆိုပါအစီအစဉ်တွင် ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်နှင့် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းလွင်နှင့် ရပ်မိရပ်ဖများက သွားရောက်၍ မီးဘေးသင့်ပြည်သူများအား အားပေးနှစ်သိမ့်စကားများပြောကြားကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သည် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဖျာပုံမြို့ (၁၇)ရပ်ကွက် မြို့ပတ်လမ်း ကျန်စစ်သားလမ်း အမှတ်(၄၅၈)ရှိ ဦးကျော်မင်းနေအိမ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ် (၂) လုံး မီးလောင်ပျက်စီးကာ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၆) ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။

Sign Up

Upcoming Events