
ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအုပ်စု ဆားမလောက်ကျေးရွာတွင် (၆.၇.၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-) လူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၁၀၀ိ/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၂၁၀၀ိ/-) အား (၁၈.၇.၂၀၁၈) (၁၀း၀၀) နာရီချိန်တွင်လည်းကောင်း၊ ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု ကျောင်းစုနှင့် ရွှေဖလားကျွန်းကျေးရွာတို့တွင် (၁၈.၆.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် နေအိမ် (၅၈) လုံး အိမ်ထောင်စု (၅၈) စု အတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅,၈၀၀,၀၀၀ိ/-) ကို လည်းကောင်း၊ ပန်းတနော်မြို့နယ် (ရေပေါ်ကြီးနှင့် ကဿဝင်)ကျေးရွာအုပ်စုတို့၌ (၂၅/၂၆.၆.၂၀၁၈)နှင့် (၂/၉/၁၁/၁၂/၁၆.၇.၂၀၁၈)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ခဲ့သည့် နေအိမ် (၆၉) လုံး အိမ်ထောင်စု (၆၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆,၉၀၀,၀၀၀ိ/-) စုစုပေါင်းလူဦးရေ (၃၆၄) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၇၆၄၄၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇,၆၆၄,၄၀၀ိ/-) အား (၁၈.၇.၂၀၁၈) ရက်နေ့ (၁၁း၃၀) ချိန်တွင် လည်းကောင်း၊ ပန်းတနော်မြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၊ ဒု-မြိုနယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jul2018
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)