အလုပ်ရုံဆွေးနွေးပွဲကျင်းပနေမှုသတင်း

18_Pic_01

ဘေးအန္တရယ်ဆိုင်ရာစီမံခန့််ခွဲမှုဦးစီးဌာနနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်း၍ ”ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုနှင့်ဘေးဒဏ်ခံနိုင်စွမ်းကိုတိုးမြှင့်စေခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို တားဆီးကာကွယ်ခြင်း”စီမံကိန်းလုပ်ငန်း တိုးချဲ့ခြင်းအသိပေးမိတ်ဆက်အလုပ်ရုံ ဆွေးနွေးပွဲကို(၁၈-၇-၂၀၁၈)ရက်နေ့ နံနက်(၀၉၃၀)အချိန်တွင် မြောက်ဦး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှအဖွင့်မိန့်ခွန်းပြောကြားခြင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှအဖွင့် အမှာစကားပြောကြားခြင်းနှင့် IOM အဖွဲ့အစည်းမှအမျိုးသားအစီအစဉ် အရာရှိ ဒေါ်အေးသိမ့်သူမှ အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်မှန်းချက်များအားရှင်း လင်းပြောကြားခြင်းတို့ကိုဆောင်ရွက် ခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုှီုးစီးဌာန ပြည်နယ်ဦးစီးမှူးမှ IOM အဖွဲ့အစည်း နှင့်ရခိုင်ပြည်နယ်အတွင်းဆောင်ရွက် ထားရှိခဲ့သောလုပ်ငန်းစဉ်များနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးခဲ့ပြီး IOM အဖွဲ့အစည်းမှအမျိုးသားအစီ အစဉ်အရာရှိဒေါ်အေးသိမ့်သူမှ ရခိုင် ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့သည့်သဘာဝဘေးလျော့ပါးရေးစီမံကိန်းအောင်မြင်မှုပန်းတိုင်များနှင့်မြောက်ဦးခရိုင်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း လုပ်စဉ်များအားရှင်းလင်းဆွေးနွေးခဲ့ ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို မြောက်ဦးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မြောက်ဦး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ကျောက်တော် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများ စုစုပေါင်း အင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

#ar_otr
#rke_jul2018
Source – ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events