အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင်‌့ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၁။        မီးဘေးသင်‌့ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိရာ(၁၇-၂-၂၀၁၆)ရက်နေ့တွင်နေပြည်တော်(ရုံးချုပ်)၌ သာသနာရေး၀န်ကြီး ဌာန၊၀န်ကြီးရုံး၊ ၀န်ထမ်းများမှ ငွေကျပ်(၁၅၇,၆၀၀)၊ စက်မှု၀န်ကြီးဌာန၊ အမှတ်(၃)၊ အကြီးစားစက်မှု လုပ်ငန်းမှငွေကျပ်(၃၃၃,၀၀၀)၊ လျှပ်စစ်စွမ်းအား၀န်ကြီးဌာန၊ ၀န်ထမ်းမိသားစုများမှ ငွေကျပ် (၇,၀၅၁,၀၀၀)ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။         အလှူရှင်များအသီးသီးမှ(OA-011834)စာရင်းသို့ တိုက်ရိုက်လှူဒါန်းငွေကျပ်(၈၀၀,၀၀၀) ကိုလှူဒါန်းခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တပ်မတော်(ကြည်း၊ရေ၊လေ)အမျိုးသမီးစစ်မှု ဟောင်းများဗိုလ်မှူးဒေါ်ခင်လှသီ(ငြိမ်း)အဖွဲ့များမှငွေကျပ်(၅၀၀,၀၀၀)၊ ဒေါ်သန်းသန်းဦး(မိသားစု)မှ ငွေကျပ်(၁၀၀,၀၀၀)၊ ဒေါ်ခင်သန်း(မိသားစု)မှငွေကျပ်(၂၀၀,၀၀၀)၊ ဦးသောင်းစိန်နှင့် ဒေါ်ဆန်းညွှန့် (မိသားစု)မှ ငွေကျပ်(၃၀,၀၀၀)တို့ကို လာရောက်လှူဒါန်းခဲ့ပါသည်။

၃။        သို့ဖြစ်ပါ၍(၁၇-၂-၂၀၁၅)ရက်နေ့ရရှိငွေမှာ ကျပ်(၉,၁၇၁,၆၀၀)ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ(၁၇-၂-၂၀၁၆) ရက်နေ့အထိ လှူဒါန်းရရှိငွေစုစုပေါင်းမှာ ကျပ်(၉,၉၆၈၈,၉၀၀)နှင့် အမေရိ ကန်ဒေါ်လာ (၃၀,၂၀၀)ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events