မြောင်းမြမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

17 Pic 01

===================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ (၁၄-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁) သိန်းကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်(၇)ရက်စာထောက်ပံ့ငွေ(၆၃၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၁၀၆၃၀၀ိ/-) နှင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)စုံအား မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၇-၇-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events