အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင်‌့ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၁။        လပွတ္တာမြို့နှင့် နမ့်ဆန်မြို့ မီးဘေးသင်‌့ပြည်သူများအတွက် စေတနာရှင်များကအလှူငွေနှင့် အလှူပစ္စည်းများကိုထောက်ပံ့လှူဒါန်းလျှက်ရှိရာ (၁၅-၂-၂၀၁၆) ရက်နေ့တွင်စက်မှု၀န်ကြီးဌာန၊ အမှတ် (၁)အကြီးစားစက်မှုလုပ်ငန်းမှငွေကျပ်(၂,၈၂၂,၃၀၀)နှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ငွေကျပ်(၃၇၆,၀၀၀)၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၀န်ကြီးဌာန၊ ၀န်ထမ်းမိသားစု များမှငွေကျပ်(၃,၂၉၁,၃၀၀)နှင့် ကျား၀တ်၊ မ၀တ်၊ စောင်၊ ခြင်ထောင်များစသည့် အ၀တ်အထည်(၁၄) အိတ်တို့ကို လာရောက်လှူဒါန်းခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဒေါ်စုစုလှိုင်မှလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ရဲမှူးကြီး သိန်း၀င်း+ Dr.သန်းသန်းမှ ငွေကျပ်(၁၀၀၀၀)၊ ဦး‌ေ၀လွင်+ဒေါ်တင်သိန်းနွယ်(မိသားစု)မှ ငွေကျပ် (၁၀၀,၀၀၀) ၊ ဦးမြင့်သွင်+ဒေါ်နီနီချိန်(မိသားစု)မှ ငွေကျပ်(၂၀၀,၀၀၀)၊ဦးမောင်မောင်မှငွေကျပ်(၁၀၀,၀၀၀)၊ ဆရာတော်ဦးသုဇာတနှင့် သံဃာတော်များ၊ ဒါယိကာ၊ ဒါယိကာမများမှ ငွေကျပ်(၁,၀၀၀,၀၀၀)၊ ဆရာတော်ဦးက္ကန္ဒကမှငွေကျပ်(၂၀၀,၀၀၀)၊ ကိုလွင်ဦး+မကြည်ကြည်သင်း၊ သမီးမခိုင်ဆု‌ဝေ (မိသားစု)မှငွေကျပ်(၁၀,၀၀၀)၊ ဦးမောင်မောင် (မန္တလေး) နှင့်သားသမီးတစ်စုမှ ငွေကျပ်(၂၀၄,၂၀၀)၊ ဗဟိုအင်ဂျင်နီယာတပ်အမှတ်စဉ်(၉၆)သင်တန်းဆင်း ကျောင်းသားများ(အခြားအဆင့်)မှငွေကျပ်(၁,၀၀၀,၀၀၀)၊ ဆရာမကြီးဒေါ်သုဓမ္မစာရီ ဖေးကူပေးလှူ ဂရုနာဖောင်ဒေးရှင်းမှ ငွေကျပ်(၁၀၀,၀၀၀)၊ ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ငွေကျပ် (၅၀၀,၀၀၀)တို့ကို လာရောက်လှူဒါန်းခဲ့ပါသည်။

၃။        ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၌မြို့ရွာနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေကျပ်(၁၀၀,၀၀၀) လာရောက်လှူဒါန်းခဲ့ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊၀န်ထမ်းများမှငွေကျပ်(၂၀၃,၀၀၀)၊ Dr.ခင်ဦး၊ ဒေါ်ခင်ခင်ညွှန့်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှငွေကျပ်(၁၀၀,၀၀၀)နှင့် အလှူရှင်များ အသီးသီးမှ(OA-011834)စာရင်းသို့ တိုက်ရိုက်လှူဒါန်းငွေကျပ်(၃၇၅,၀၀၀)တို့ကို လှူဒါန်းခဲ့ပါသည်။

၄။         သို့ဖြစ်ပါ၍(၁၅-၂-၂၀၁၅)ရက်နေ့ရရှိငွေမှာ ကျပ်(၁၀,၆၉၁,၈၀၀)ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ(၁၅-၂-၂၀၁၆)ရက်နေ့အထိ လှူဒါန်းရရှိငွေစုစုပေါင်းမှာကျပ်(၇၈,၇၃၂,၃၀၀)နှင့် အမေရိ ကန်ဒေါ်လာ (၃၀၂၀၀)ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events