အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင်‌့ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၁။        လပွတ္တာမြို့နှင့် နမ့်ဆန်မြို့ မီးဘေးသင်‌့ပြည်သူများအတွက် စေတနာရှင်များကအလှူငွေနှင့် အလှူပစ္စည်းများကိုထောက်ပံ့လှူဒါန်းလျှက်ရှိရာ(၁၁-၂-၂၀၁၆)ရက်နေ့တွင် ပေးဆပ်သူများနာမှုကူညီ ရေးအသင်း(နေပြည်တော်) အသင်းသား/အသင်းသူများက ငွေကျပ်(၁,၀၀၀,၀၀၀)ကို လာရောက် လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဦးဘုန်းဆွေမှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဒေါ်မြင့်မြင့်စိန်၏(၆၆)နှစ်ပြည့်မွေးနေ့မှ ငွေကျပ် (၁၀၀,၀၀၀)၊ ဦးသန်းထွေး (ကြီးကြပ်ရေးမှူး) မ.ထ.သနှင့် ဒေါ်အေးအေး၀င်းမှ ငွေကျပ်(၁၀၀၀၀)၊ ဒေါ်အေးသန်း၊MD Loyal Star Trading Co,Ltdမှ ငွေကျပ်(၂,၀၀၀,၀၀၀)၊ ကွယ်လွန်သူမိဘနှစ်ပါးရည်စူး၍ ဦးလှကျော်မှ ငွေကျပ်(၅၀၀,၀၀၀)၊ အမျိုးသားတိုးတက်ရေးပါတီမှငွေကျပ် (၅၀၀,၀၀၀)၊ မြတ်‌ဝေလင်းမှ ငွေကျပ်(၁၀၀,၀၀၀)၊ ဦးစည်သူမြင့်(မိသားစု)မှငွေကျပ်(၁၀၀,၀၀၀)တို့ကို လာရောက်လှူဒါန်းခဲ့ပါသည်။

၃။        စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဒေါက်တာ၀င်းမြင့်အောင်+ဒေါ်၀င်း၀င်းထွေးမှ ငွေကျပ် (၂၀၀,၀၀၀)၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ Villa Intake Resort & Spa, Inle Lake ဟိုတယ်နှင့် ၀န်ထမ်း များမှငွေကျပ်(၂,၀၀၀,၀၀၀)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးမြင့်သိန်း+ဒေါ်ငွေမြင့်မှ ငွေကျပ် (၃၀,၀၀၀)၊ ဦးမြင့်သိန်း+ဒေါ်ခင်သန်းမှငွေကျပ်(၁၀,၀၀၀)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်ရွာသူ၊ ရွာသားများမှ ငွေကျပ်(၉၂၅,၀၀၀)နှင့် အလှူရှင်များအသီးသီးမှ (OA-011834) စာရင်းသို့ အလှူရှင်အသီးသီးမှ ဘဏ်သို့ တိုက်ရိုက်လှူဒါန်းငွေကျပ်(၁,၃၀၀,၀၀၀) တို့ကိုလာရောက်လှူဒါန်းခဲ့ပါသည်။

၄။        သို့ဖြစ်ပါ၍(၁၀-၂-၂၀၁၅)ရက်နေ့ရရှိငွေမှာ ကျပ်(၈,၇၇၅,၀၀၀)ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ(၁၁-၂-၂၀၁၆) ရက်နေ့အထိ စုစုပေါင်းလှူဒါန်းရရှိငွေမှာ ကျပ်(၆၈,၀၄၀,၅၀၀)နှင့် အမေရိကန်ဒေါ်လာ (၃၀၂၀၀) ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events