၁။ လပွတ္တာမြို့နှင့် နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များကအလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျှက်ရှိရာ (၁၀-၂-၂၀၁၆)ရက်နေ့တွင် စွမ်းအင်၀န်ကြီးဌာန၊ ၀န်ထမ်းမိသားစုများမှငွေကျပ်(၂,၄၉၆,၀၀၀) နှင့် အ၀တ်ထည်များ၊ ဦးမောင်၀င်း+ ဒေါ်လှလှကြည်မှ ငွေကျပ်(၁၀၀,၀၀၀) တို့ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးကြည်လင်း+ဒေါ်ထားထားရီ(မိသားစု)မှငွေကျပ် (၂၀၀,၀၀၀)၊ ဦးဘစိုး(အငြိမ်းစားတပ်ကြပ်ကြီး) မှ ငွေကျပ်(၁၀၀,၀၀၀)၊ ဦးဘူးယိုနှင့် ဒေါ်လှရီ (မိသားစု)မှ ငွေကျပ်(၁၂၀,၀၀၀)၊ ဦးအောင်လင်း+ဒေါ်စန်းစန်းမြင့်မှ ငွေကျပ်(၄၃၀,၀၀၀)နှင့် Winnie Tan မှ အမေရိကန်ဒေါ်လာ(၂၀၀)တို့ကို လာရောက်လှူဒါန်းခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍(၁၀-၂-၂၀၁၅)ရက်နေ့ ရရှိငွေမှာကျပ်(၃,၄၄၆,၀၀၀)နှင့် အမေရိကန်ဒေါ်လာ (၂၀၀) ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၁၀-၂-၂၀၁၆) ရက်နေ့အထိ မီးဘေးသင့်ပြည်သူများအတွက် စုစုပေါင်းလှူဒါန်းရရှိငွေမှာ ကျပ်(၅၉၂,၆၅,၅၀၀)နှင့် အမေရိကန်ဒေါ်လာ (၃၀၂၀၀) ဖြစ်ပါကြောင်းသတင်းရရှိပါသည်။