အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ရေဘေးနှင့် မီးဘေးသင်‌့ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၁။        ရေဘေးနှင့်မီးဘေးသင်‌့ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့်အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိရာ (၉-၂-၂၀၁၆) ရက်နေ့တွင် Kookmin Bank and Korea Disaster Relief Association မှ ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ(၄၀၀၀၀) နှင့် မီးဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၃၀၀၀၀)၊ စုစုပေါင်းအမေရိကန်ဒေါ်လာ (၇၀၀၀၀)၊ မီးဘေးသင့်ပြည်သူများအတွက် သတ္ထုတွင်းဝန်ကြီးဌာနဝန်ထမ်းများနှင့် မြန်မာနိုင်ငံကျောက် မျက်လုပ်ငန်းရှင်များအသင်းမှငွေကျပ်(၁၅,၀၀၀,၀၀၀)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးမှူး(ပထမ တန်း)မိသားစုများမှ ငွေကျပ်(၂၁၀,၀၀၀)၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှငွေကျပ်(၃,၅၀၀,၀၀၀)၊ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းဝန်ထမ်းများမှ ငွေကျပ်(၇၃၄,၅၀၀)နှင့် အဝတ်အထည်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများမှ ငွေကျပ်(၅,၀၀၀,၀၀၀)၊ ဦးဖုန်းမြင့်၊ ဒေါ်အေမီသန်း၊ ဦးဝဏ္ဏစိုး၊ ဒေါ်ယုမွန်ဘုန်း(မိသားစု)မှ ငွေကျပ်(၁၄၀,၀၀၀)၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှငွေ ကျပ်(၁,၀၀၀,၀၀၀)၊ ဦးကျော်သိန်း(ညွှန်ကြားရေးမှူး၊ပြည်တွင်းအခွန်များဦးစီးဌာန)+ ဒေါ်နှင်းနွယ်အေး တို့မှငွေကျပ်(၂၀၀၀၀၀)တို့ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဦးဘုန်းဆွေတို့က လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။       သို့ဖြစ်ပါ၍ (၉-၂-၂၀၁၅) ရက်နေ့ရရှိငွေမှာကျပ်(၂၅,၇၈၄,၅၀၀) ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၉-၂-၂၀၁၆)ရက်နေ့အထိ မီးဘေးသင့်ပြည်သူများအတွက် စုစုပေါင်းလှူဒါန်းရရှိငွေမှာကျပ် (၅၅,၈၁၉,၅၀၀) ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events