နေပြည်တော် ၊ ဖေဖော်၀ါရီလ ၉ ရက်
၁။ နမ့်ဆန်မြို့နှင့်လပွတ္တာမြို့တို့မှမီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေ နှင့်အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျှက်ရှိရာ(၈-၂-၂၀၁၆)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ဦးရန်နိုင်ထွန်း(ဒုတိယအမြဲတမ်းအတွင်း၀န်)+ ဒေါ်ဥမ္မာလှိုင်(မိသားစု)မှ ငွေကျပ်(၁၁၅,၀၀၀/-)၊ဦးကျော်သူဟိန်း+ဒေါ်စုဝေနွယ်(မိသားစု)မှငွေကျပ်(၃၀,၀၀၀/-)တို့ကို အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ နေပြည်တော်သို့ လာရောက်လှူဒါန်းခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးအောင်ခင်(မိသားစု)၊ လှိုင်သာယာမြို့နယ်မှ လပွတ္တာ မြို့မီးဘေးအတွက် ငွေကျပ်(၁၀၀,၀၀၀/-)နှင့် နမ့်ဆန်မြို့မီးဘေးအတွက် ငွေကျပ်(၁၀၀,၀၀၀/-) ဦးထွန်းအောင်+ဒေါ်ခင်မာ၀င်း(မိသားစု)၊ အင်းစိန်မြို့နယ်မှ နမ့်ဆန်မြို့မီးဘေးအတွက် ငွေကျပ် (၃၀,၀၀၀/-)နှင့် အ၀တ်အထည်မျိုးစုံပီနံအိတ်(၂)လုံး၊ Stannion Hotel ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်း ကုန်းမြို့နယ်မှ (၂)ယောက်အိပ်စောင်(၇)ထည်၊ ဒေါ်အေးမြင့်(မိသားစု)မှ ငွေကျပ်(၅၀,၀၀၀/-)တို့ကို လာ ရောက်လှူဒါန်းခဲ့ပါသည်။
၃။ ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ ဦးရဲနောင်၊ဦးစီးအရာရှိ၊ ပင်စင်ဦးစီးဌာနမှငွေကျပ်(၁၀၀,၀၀၀/-)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ပြည်နယ်ဦးစီးမှူးရုံးမှ ငွေကျပ်(၂၀၀,၀၀၀/-)၊ ကရင်ပြည် နယ်ဦးစီးမှူးရုံး၌ ဦးမိုးကျော်သူ+ဒေါ်နန်း၀င်းကြည်သိန်းမှ ငွေကျပ်(၅၀,၀၀၀/-)၊ ဦးစောဟန်သိန်း+ ဒေါ်နန်းစိန်သင်မှငွေကျပ်(၁)သိန်းတန်ဖိုးရှိ အထည်စုံ(၅၀)ထည်ပါ(၂)ထုပ်၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံး၌ ဦးမျိုးတင့်(ပညာရေးအငြိမ်းစား)+ဒေါ်ခင်သန်းရီ(မိသားစု)မှငွေကျပ်(၁၀၀,၀၀၀/-)တို့ကို လာရောက်လှူဒါန်းခဲ့ပါသည်။
၄။ သို့ဖြစ်ပါ၍(၈-၂-၂၀၁၅)ရက်နေ့ ရရှိငွေမှာကျပ်(၈၇၅,၀၀၀/-)ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ(၈-၂-၂၀၁၆)ရက်နေ့အထိ မီးဘေးသင့်ပြည်သူများအတွက် စုစုပေါင်းလှူဒါန်းရရှိငွေမှာကျပ် (၃၀,၀၃၅,၀၀၀/-)ဖြစ်ပါကြောင်း သတင်းရရှိပါသည်။