လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ မြောင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mdy_jul2018