သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့ (၁၅း၀၀) အချိန်မှ (၁၆း၀၀) နာရီ အချိန်အထိ ပုလောမြို့နယ်၊ မိမ္မမြို့ကျေးရွာ၌ ပြည်သူလူထု (၆၀) ဦးအား သဘာဝဘေးအသိ ပညာပေးခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများဆွေးနွေးပြောကြားခြင်း၊ ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်း၊ ရေသန့် ဆေးဘူး (၂၄၀) ထုပ်ပါ (၅) ဘူးပေးအပ်ခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#tny_jun2018

Sign Up

Upcoming Events