လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ပါဆောင်းကျေးရွာ၌ (၁၉-၆-၂၀၁၈) ရက်နေ့မှ (၂၇-၆-၂၀၁၈) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေများအက်ကွဲခဲ့ပြီး မြေပြိုမည့်အန္တရာယ် စိုးရိမ်ရသည့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၇၄) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၅၅,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၅၅,၄၀၀ိ/-) ကျပ်တို့အား (၂၉-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#ha_rbe
#sgg_jun2018