နေပြည်တော်၊ ဇွန် ၂၈
မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa သည် ယနေ့နံနက် တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနတွင် ကိုရီးယားနိုင်ငံမှ စေတနာ့ဝန်ထမ်းများ ပူးတွဲတာဝန်ထမ်းဆောင်မှုများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အာဆီယံနှင့်ပူးပေါင်း၍ ကိုရီးယားသမ္မတနိုင်ငံမှ ပါဝင်ကူညီမှုများ၊ မြန်မာ နိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်၊ UNHCR၊ UNDP အဖွဲ့တို့နှင့် မြန်မာ နိုင်ငံအစိုးရမှ နားလည်မှုစာချွန်လွှာရေးထိုးနိုင်မှု၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခရီးစဉ်နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းရန် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများ အပေါ် ကိုရီးယားသမ္မတနိုင်ငံက ကြိုဆိုမှုနှင့် UEHRD စီမံကိန်းတွင် ကိုရီးယားသမ္မတနိုင်ငံမှ မြို့နယ်အချို့ ရွေးချယ်၍ စိုက်ပျိုးရေးကဏ္ဍနှင့် အထည်ချုပ်ကဏ္ဍတို့တွင် ရင်းနှီးမြှပ်နှံမှုဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်းပိတ်သိမ်းမှုနှင့်စပ်လျဉ်း၍အစိုးရမှ ဆောင်ရွက်မည့်အစီအစဉ်များနှင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံပူးပေါင်း၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆောင်ရွက်မှုအခြေအနေများနှင့် ကိုရီးယား နိုင်ငံမှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြ ပါသည်။
ဆက်လက်၍ နံနက်(၁၀း၃၀)နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သံအမတ်ကြီး H. E. Mr. ManjurulKarim Khan Chowdhury နှင့်တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) တို့သည် နေရပ်စွန့်ခွာသူများနေရပ်ပြန်ရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေး တို့အတွက် နားလည်မှုစာချွန်လွှာ (၂) ခုရေးထိုးဆောင်ရွက်နေပြီးယခုအခါ (UNHCR)မှ ဘင်္ဂလားဒေ့ရှ်ရှိ နေရပ်စွန့်ခွာသူများအား Biometric data ရယူခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ နေရပ်ပြန်နိုင်ရေးအတွက် ပုံစံဖြည့်စွက်ရေးတွင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ နေရပ်စွန့်ခွာသူများပြန်လည်ဝင်ရောက် လာပါက ပြန်လည်နေရာချထားပေးခြင်းအပေါ် မြန်မာအစိုးရကဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ မရှင်း လင်းသည့်အချက်များနှင့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအစီအစဉ်တွင် မြန်မာအစိုး ရဘက်မှ သတင်းအချက်အလက်များကိုဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့စေလိုခြင်းနှင့် ၎င်းတို့မှ ပြန်လည်ဖြန့် ဝေပေးရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
#hl1
#npw_jun 2018