လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျော်ကျေးရွာ၊ ဓမ္မာရုံ၌ ပြည်သူလူထု (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_jun2018