လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်မြို့နယ်၊ လဲကျေးရွာအုပ်စု ခုံကြီး ကျေးရွာ၌ (၂၀-၆-၂၀၁၈) ရက်နေ့တွင် ရွှေတံငါချောင်းရေတိုက်စားကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်အား (၂၈-၆-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#bgo_jun2018