လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၃) ရွာတို့၌ (၉-၆-၂၀၁၈) ရက်နေ့မှ (၁၃-၆-၂၀၁၈) ရက်နေ့အထိ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲအိမ်ခြေ (၂၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၉) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၉) သိန်း၊ ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့အလှူငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၄၁၅၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၈၇) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် ထောက်ပံ့သွေ (၆၇၄၆၀၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၃) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၁၅၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၀,၂၃၇,၅၀၀) တို့အား (၂၆-၆-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_jun2018