လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၈) ရွာတို့၌ (၉-၆-၂၀၁၈) ရက်နေ့မှ (၁၄-၆-၂၀၁၈) ရက်နေ့အထိ ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ဘေးသင့်လုံးဝပျက်စီးနေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁) အိမ်ထောင်စာ၊ (၁၀၀,၀၀၀ိ/-)ကျပ် နှုန်းဖြင့် (၆) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၈) လုံးနှင့် ဘန်းကြီးကျောင်း (၂) ကျောင်း အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် ထောက်ပံ့ငွေ (၃,၀၇၇,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၇,၈၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၉၁၄,၈၀၀ိ/-)ကျပ်တို့အား (၂၆-၆-၂၀၁၈) ရက် နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_jun2018