မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

28 Pic 01

===================================================
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်အတွင်း (၂၂-၆-၂၀၁၈) ရက်နေ့၊ (၀၃း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၆၉) လုံး၊ အိမ်ထောင်စု (၁၆၉) စု၊ လူဦးရေ (၈၀၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၀၀) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆၉) အိမ်ထောင်စုစာ၊ ဆန်ဖိုး (၁၆၉၀၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၆၉) သိန်း၊ သေဆုံးသူ (၁၁) ဦးအတွက် (၃၃) သိန်း၊ ဒဏ်ရာရရှိသူ (၂) ဦးအတွက် (၁) သိန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၉၉၀၅၀၀ိ/-) အား (၂၇-၆- ၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events