ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ အင်္ဂပူမြို့နယ်အတွင်းရှိ ကညွတ်ကွင်းအုပ်စု၊ နန်ကသူဆည်အထက်ပိုင်း ပြောင်းပြန်ဝနေရာ၌ လှေတိမ်းမှောက်၍ သေဆုံးခဲ့သူ (၂) ဦးအတွက် ထောက်ပံ့မှုသတင်း

28 Pic 01
===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကညွတ်ကွင်းအုပ်စု၊ နန်ကသူဆည်အထက်ပိုင်း ပြောင်းပြန်ဝနေရာ၌ (၁၆-၆-၂၀၁၈)ရက်နေ့တွင် ကညွတ်ကွင်းကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာ၌ နေထိုင်သူ(၂)ဦးမှာ လှေတိမ်းမှောက်၍ သေဆုံးခဲ့မှုအတွက် ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၆၀၀၀၀၀) ကျပ်ကို (၂၇-၆-၂၀၁၈) ရက်နေ့တွင် အင်္ဂပူူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းကောက်မြောက်အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events