UEHRD ပြည်ထောင်စုစီမံကိန်းအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ အလှူငွေများအား လာရောက် ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇွန် ၂၇
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လှူဒါန်းငွေများအား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နေ့လည်ပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါသည်။
UEHRD အတွက် လှူဒါန်းငွေများမှာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင်နေထိုင်သည့် မြန်မာမိသား စုများက သြစတြေးလျဒေါ်လာတစ်သောင်းငါးထောင်၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ္ဒါးမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက အမေရိကန်ဒေါ်လာ သုံးထောင့်ကိုးရာ၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် ဝန်ထမ်းများ၊ အမေရိကန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံ သား ဟောင်းများက အမေရိကန် ဒေါ်လာ တစ်သောင်းတစ်ထောင်၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားများ က အမေရိကန်ဒေါ်လာ နှစ်ရာ့ငါးဆယ်နှင့် ရခိုင်ပြည်နယ်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အခြားလိုအပ်သည့် ပညာရေးကဏ္ဍများအတွက် အသုံးပြုရန် မကာအိုကုန်သည်ကြီးများအသင်း (Macau Myanmar Chamber of Commerce) က လှူဒါန်းငွေ အမေရိကန်ဒေါ်လာခြောက်ထောင့်သုံးရာငါးဆယ် တို့အား ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jun2018

Sign Up

Upcoming Events