ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

27 Pic 02 27 Pic 03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၈) ရက်နေ့တွင် တောင်ကြီးမြို့ အ.ထ.က (၁၀) ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၅၀၀) ဦးအား ငလျင်ဘေးအသိပညာ ပေးဟောပြောခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာများ ခင်းကျင်းပြသခြင်း၊ ကျောင်းသား/သူများအား ငလျင်ဆိုင်ရာဗဟုသုတမေးခွန်းများ မေမြန်းပြီး လက်ဆောင် ပစ္စည်းများပေးခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ဗီဒီယိုပြသခြင်းနှင့် ငလျင်လှုပ်ခတ်နေစဉ် ကွင်းပြင်သို့ ပြေးထွက်နေရာယူခြင်းနှင့် စာသင်ခန်းအတွင်း နေရာယူခြင်း အစရှိသည့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#simex_eqk
#shn_jun2018

Sign Up

Upcoming Events