ထောက်ပံံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောက်ဦးခရိုင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအနီးတွင် (၁၄-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကျော်နေ သော ကားလမ်းအားဖြတ်ကူးစဉ် တောင်ကျရေစီးနှင့်မျောပါကာ မြေပုံမြို့နယ်မှ သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-) ကျပ်အား (၂၆-၆-၂၀၁၈) ရက်နေ့တွင် မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#rke_jun2018

Sign Up

Upcoming Events