လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မြောင်းတပ်အုပ်စု၊ မင်းရွားလေးကျေးရွာ၌ (၁၈-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၁,၂၀၀ိ/-) ကျပ်တို့အား (၂၆-၆-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_jun2018