လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ တလုပ္ပင်အုပ်စု၊ ရှားဖြူ ကွင်းရွာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် ဘူးရိုးချောင်းရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်း နေအိမ် (၂) လုံးနှင့် ကိုင်းကြီးအုပ်စု၊ ကိုင်းကြီးကျေးရွာ၌ (၁၉-၆-၂၀၁၈) ရက်နေ့တွင် ကြိုတင်ရွှေ့ပြောင်း နေအိမ် (၂) လုံး၊ စုစုပေါင်း နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-)ကျပ်အား (၂၆-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#bgo_jun2018