လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း(၃/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်သူ (၁၀၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ ကဝမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ရှိသူ တစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းများ ရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ သင်တန်း ကာလမှာ (၂၈-၆-၂၀၁၈) ရက်နေ့အထိ (၃) ရက် တာကြာမြင့်မည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ တက်ရောက် သူ သင်တန်းသား (၃၀) ဦးရှိကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#bgo_jun2018