ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ မိုးတား လေး ကျေးရွာ၌ (၂၄-၆-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမည်စိုး၍ ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-)ကျပ်တို့အား (၂၅-၆-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#sgg_jun2018

Sign Up

Upcoming Events