လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်အထိ မြောက်ဦးမြို့နယ်၊ သရက်တောကျေးရွာစာသင်ကျောင်း၌ ကျေးရွာသူ/သားများနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၃၅) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_jun2018