မသန်စွမ်းများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၏ အခြေခံအခွင့် အရေးများရရှိရေး၊ ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ

25 Pic 01

နေပြည်တော်၊ ဇွန် ၂၄
မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ဖွင့်လှစ်ခြင်းဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် Information, Communication & Technology Training Center ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိပွန်ဖောင်ဒေးရှင်း Executive Director Mr. Yuji Mori နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကာ အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့် ထူးခြားသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနအနေဖြင့် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေးနှင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်ဝရေးကို အခြေခံမူဝါဒအဖြစ်ချမှတ် ဆောင်ရွက်လျက်ရှိရာ ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုအချိန်အထိ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအားအထူးအရေးပေးကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အဓိကကျသည့် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများရှိရမည်ဖြစ်သည့် အတွက် ဥပဒေများရေးဆွဲခြင်းနှင့် ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူများ အတွက်ဥပဒေနှင့် ဒုတိယသမ္မတ (၂) ဥက္ကဌအဖြစ် ဦးဆောင်သည့် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ အမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီးမသန်စွမ်းများ၏ ဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သည့်မသန်စွမ်းသူမဆို စွမ်းဆောင်နိုင်ရန်နှင့် အထောက် အပံ့ရရှိရန်လိုအပ်သည့်အတွက် ICT နည်းပညာဖြင့် လေ့ကျင့်ပေးခြင်းဖြစ်ပါကြောင်း၊ ICT Center ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ် ပြင်သစ်နိုင်ငံပါရီမြို့တွင် သဘောတူလက်မှတ်ထိုးခဲ့ပြီး လုပ်ငန်း စတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်၊ ဇွန်လတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် ဇွန်လတွင် လုပ်ငန်းစတင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ Center ရေရှည်တည်တံ့ရန်၊ မသန် စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရန်နှင့် ကိုယ်တိုင်ဘဝရပ်တည်ရေးအတွက် အစိုးရ၊ ပြည်သူနှင့် လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်းများ ပူးပေါင်းပံ့ပိုး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရှေ့ဆက်၍ အာဆီယံနှင့် အာရှဒေသအတွင်း မသန်စွမ်းသူများ အတွက်အဆင့်မီသော ICT Training Center အဖြစ်ရပ်တည်နိုင်ရေးအား ထုတ်ကြိုးပမ်းပြီးနိုင်ငံ တကာမှ မသန်စွမ်းအရေးဆောင်ရွက်နေသောမသန်စွမ်းပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွား ရန်ဖြစ်ပြီးပြည်သူလူထုမှလည်းအကြံဉာဏ်များပေးခြင်းဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နီပွန်ဖောင်ဒေးရှင်းမှ Executive Director Mr.Yuji Mori မှ ICT Training Center ဆောက်လုပ်လှူဒါန်းရခြင်း၊ ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်သူ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ညွန့်ကICT Training Center ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ICT Training Center ၏ စာရွက်စာတမ်းများကို လွဲပြောင်း ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ပါသည်။ ယခု အခါ အဆိုပါ ICT Training Center တွင် မသန်စွမ်းသူများ အတွက်ဆရာဖြစ် သင်တန်းကို သင်တန်း သား (၁၄) ဦးဖြင့် စတင်ဖွင့်လှစ်နေပြီဖြစ်ပါသည်။
ထို့နောက် H.I.S. Travel Myanmar Co.,Ltd မှ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်အလှူငွေ ကျပ် (၆) သိန်းအား လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ ကြခတ်တောရဝိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းခဲ့ကာ လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ကြခတ်တောရပညာရေးနှင့် လူမှုအထောက်အကူပြုကွန်ယက်တို့မှ ပူးပေါင်း ဖွင့်လှစ်သောရပ်ရွာအခြေပြုအခြေခံနှင့်အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကာအဖွင့်အမှာစကားပြောကြားပြီး ထူးချွှန်ဆုရသင်တန်းသူများကို ဂုဏ်ပြုဆုများပေး အပ်ခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီးသင်တန်းသို့ အပ်ချုပ်စက်များလှူဒါန်းသည့် အလှူရှင်များကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ ထိုမှ တဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွှွန်တန်ဆာမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးသို့ ရောက်ရှိပြီး ဇမ္ဗူအေးတောရ အင်းဝိုင်းဆရာတော်အားဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကာ နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ မျက်စိ ဝေဒနာ ရှင်များအား ကုသပေးနေမှုကိုအားပေးကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ ကျောက်တံခါးမြို့နယ် ဖဒိုမြို့သို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ Good Neighbourhood International မှ ဆောက်လုပ်လှူဒါန်းသည့် ဖဒိုမူလတန်းကြိုကျောင်းဖွင့်ပွဲသို့ တက်ရောက်ပြီးကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီးကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ ရည်များဖြင့် ပက်ဖြန်းခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာတွင် ပြည်ထောင်စု ဝန်ကြီးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး GNI ကိုယ်စား Country Director က ကျောင်းဆောင် သစ် ဆောက်လုပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်း ဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကိုပေးအပ်ခဲ့ရာ ဒုတိယဝန်ကြီးက လက်ခံရ ယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် စေတနာရှင်ပြည်သူ လူထုများ၏ လှူဒါန်းငွေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့မှ လက်ခံရယူခဲ့ကာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#hl1
#hl2
#ygn_jun2018

#bgo_jun2018

Sign Up

Upcoming Events