ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ လွှာဝကျေးရွာအုပ်စု၊ မှိုက်ကျေးရွာတွင် (၁၁-၆-၂၀၁၈) ရက်နေ့တွင် ချောင်းရေမြင့်တက်မှုကြောင့် မျောပါသေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ (၁၇-၆-၂၀၁၈) ရက်နေ့၌ လွှာဝကျေးရွာအုပ်စု၊ လွှာဝကျေးရွာနှင့် မှိုက်ကျေးရွာတို့တွင် ရေမျောနေအိမ် (၂) လုံး၊ ချင်းနစ်ကျေးရွာနှင့် အမှတ် (၁) ရပ်ကွက်တွင် ဖျက်သိမ်းနေအိမ် (၃) လုံး၊ စုစုပေါင်း နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ စုစုပေါင်း (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀ိ/-) ကျပ်နှင့် နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၈၂၇,၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထာင်စာနှင့်ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာတို့အား (၂၂-၆-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mgy_jun2018

Sign Up

Upcoming Events