
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သာဂရသရက်တာစခန်းမှ မိမိအစီအစဉ်ဖြင့် ပြောင်းရွှေ့မည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၂၁၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၃၅) ပုံးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၄၇,၃၀၀ိ/-)ကျပ်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းထားသော သွပ် (၁၀၅၀) ချပ်တို့အား (၂၂-၆-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ လူမှုရေးဝန်ကြီး၏ ခရီးစဉ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_jun2018