မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ခဲ့သော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင်(၂၀-၆-၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော ရာမောင်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀ိ/-)ကျပ်နှင့် အိမ်ထောင်စု (၅) စုမှ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၅,၁၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၅၁၀၀ိ/-) ကျပ်တို့အား (၂၁-၆-၂၀၁၈) ရက်နေ့တွင် မင်းပြားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#rke_jun2018

Sign Up

Upcoming Events