===================================================
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၌ (၂၀-၆-၂၀၁၈) ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသားဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ပြီးစီးခဲ့သော တန်ဖိုးနည်းအိမ်ရာ(၁၀၀)လုံးသို့ ဝိုင်းမော်မြို့နယ်ရှိ IDPsစခန်း(၈)ခုမှ အိမ်ထောင်စု (၉၅) စု လူဦးရေ (၄၉၉)ဦးတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ဦးဆောင်သောဌာနဆိုင်ရာအဖွဲ့များမှ ကျင်းပခဲ့သော ရွှေ့ပြောင်းနေရာချထားရေးအခမ်းအနား၌ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၀၄၇၉၀၀) ကျပ်တိတိအား (၂၀-၆-၂၀၁၈) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။