ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် (ပြည်တော်သာဈေးအတွင်း) မီးဘေးကြောင့် ဒဏ်ရာရရှိသူ (၂) ဦးအတွက် ထောက်ပံ့မှုသတင်း

21 Pic 01

===================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် (ပြည်တော်သာဈေးအတွင်း) (၁၈-၆-၂၀၁၈) ရက်နေ့၊ (၂၀း၃၀) နာရီအချိန်တွင်
ထမင်းဆိုင်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ပိုင်ရှင် ဒေါ်အေးမြင့်ကြူ (အသက်၅၈နှစ်)နှင့် မဇင်မာဦး (အသက်၂၈)နှစ်တို့မှာ မီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်အတွက် (၁)ဦးလျှင် (၅၀၀၀၀ိ/-) နှုန်းဖြင့် ဒဏ်ရာရရှိသူ (၂) ဦးအတွက် စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၁၀၀၀၀၀ိ/-) အား သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၀-၆-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events