===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ၏ လမ်းညွှန်ချက်အရ သာမန်အချိန်တွင် ဆိပ်ကမ်း၌ထားရှိပြီး သဘာဝဘေးဖြစ်ပွားချိန်တွင် ဆွဲသင်္ဘော (သို့မဟုတ်) တွန်းသင်္ဘောဖြင့် တွဲဖက်မောင်းနှင်၍ လူနှင့် တိရိစ္ဆာန်များ ဘေးလွတ်ရာရွှေ့ပြောင်း ခြင်း၊ ရေကြောင်းဖြင့် အသုံးပြုနိုင်သည့် ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ၊ ရှာဖွေတုံ့ပြန်ရေး ကိရိယာများ ပေးပို့ထောက်ပံ့ခြင်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအတွက် အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၆)ပေ၊ ရေစူး(၁၃)လက်မရှိ ဆိပ်ခံဘောတံတား (၁) စီးအား ပေးပို့ခဲ့ရာ (၁၆-၆-၂၀၁၈) ရက်နေ့တွင် ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) နှင့် တာဝန်ရှိသူများသည် ယင်းနေ့ (၁၆း၅၉) နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။