ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ခဲ့သော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

20 Pic 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၁၈) ရက်နေ့မှ (၁၅-၆-၂၀၁၆) နေ့အတွင်း ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှု၊ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ပြိုလဲပျက်စီးနှင့် ရေစီးမျောပါခဲ့သော လုံးဝပျက်စီးလူနေအိမ်(၉) လုံးနှင့် တစ်စိတ် တစ်ပိုင်း ပျက်စီး နေအိမ် (၆၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၃) သိန်းကျပ်၊ လူဦးရေ (၃၁၇) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၆၆၅,၇၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၉) အိမ်ထောင်စာ၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၆၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၆၄) အိမ်ထောင်စာ၊ တစ်စိတ် တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈,၀၆၅,၇၀၀ိ/-) တို့အား (၁၉-၆-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ha_fld
#rke_jun2018

Sign Up

Upcoming Events