နေပြည်တော်၊ ဇွန် ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဥရောပသမဂ္ဂအဖွဲ့၏ Director for Asia, Central Asia, the Middle East and the Pacific ဖြစ်သူ Mr. Pierre Amilhat ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လူမှု စီးပွားဘဝတိုးတက်ရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေး စသည့်ဦးစားပေးရည်မှန်းချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများအား အသိပေးဆွေးနွေးခဲ့ပါသည်။
ဥရောပကော်မရှင်မှ Mr. Pierre Amilhat ကလည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့နှင့် နားလည်မှုစာချွန်လွှာရေးထိုး နိုင်ခြင်းသည် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်ပြီး မြန်မာအစိုးရ၏ ဆောင်ရွက်မှုကို ဥရောပကော်မရှင်က အသိ အမှတ်ပြုပါကြောင်း၊ ရခိုင်ပြည်နယ်သာမကထိုင်း-မြန်မာဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရာက်လာမည့် မြန်မာနိုင်ငံသားများအတွက်လည်း ဥရောပသမဂ္ဂမှ ဆက်လက်ကူညီရန်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လက်ရှိ ဆောင်ရွက်နေသော National Vercificationလုပ်ငန်းစဉ်၏ တိုးတက်မှုပမာဏနှင့်NVC ကိုင်ဆောင်သူများလက်တွေ့ ဒေသအဆင့်တွင် လွတ်လပ်စွာသွားလာခွင့် ရရှိရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေး အတွက်လုံခြုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်း ဖန်တီးပေးနိုင်မှုကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းပါက စခန်းတွင်းနေသူများအတွက်သာမက ဒေသခံများအတွက်ပါ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များလိုအပ်မည်ဖြစ်ပြီး ဥရောပကော်မရှင်အနေဖြင့် Cash for Work အစီအစဉ်များအတွက် ကူညီပေးနိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
#hl1
#npw_jun2018