လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ အ.ထ.က (၁၀) ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၅၀) ဦးခန့်နှင့် ညနေပိုင်း တွင် တောင်ကြီးမြို့၊ အ.ထ.က (၁၁) ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့်အား ငလျင်ဘေးအပါအဝင် အခြားသဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေး ဗွီဒီယိုပြသခြင်းနှင့် မီးဘေး၊ ရေးဘေးနှင့် မိုးကြိုးဘေးဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_fld
#ar_fir
#ar_tls
#shn_jun2018