မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာအုပ်စု၊ ရှမ်းရေကျော်ကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာအုပ်စု၊ ရှမ်း ရေကျော်ကျေးရွာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀ိ/-) ကျပ်တို့အား (၁၉-၆-၂၀၁၈) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jun2018

Sign Up

Upcoming Events