လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ တောင်ပတ်ကျးရွာအုပ်စု၊ တောင်ပတ် ကျေးရွာ၊ ဘူးတောင်းကျေးရွာအုပ်စု၊ ဘူးတောင်း(ရ)ကျေးရွာ၊ တိုင်းတားကျေးရွာအုပ်စု၊ တိုင်းတားကျေးရွာနှင့် တောင်ရန်ကျေးရွာအုပ်စု၊ တောင်ရန်ကျေးရွာတို့တွင် (၁၄-၆-၂၀၁၈) ရက်နေ့မှ (၁၈-၆-၂၀၁၈)ရက်နေ့အတွင်း ချောင်းရေတိုက်စားမှုကြောင့် ရေမျောနေအိမ် (၁) လုံး၊ ဖျက်သိမ်းနေအိမ် (၄) လုံး၊ စုစုပေါင်း နေအိမ် (၅) လုံး ဘေးသင့်လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၃၁,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ် ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာတို့အား (၁၉-၆-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mgy_jun2018