လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်အတွင်း ကျေးရွာ (၂) ရွာအတွင်း ၌ (၁၄/၁၅-၆-၂၀၁၈) ရက်နေ့တွင် မြေပုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီး/ ရေလျှံမှုများဖြစ်ပွားပြီး မြေပြိုကျမှုကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၅,၇၀၀ိ/-) ကျပ်တို့အား (၁၈-၆-၂၀၁၈) ရက်နေ့ တွင် မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#rke_jun2018