သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဆင်ပေါင်ဝဲမြို့နယ်၊ စည်တိုင်းကျေးရွာအုပ်စု၊ စည်တိုင်း (လယ်) ကျေးရွာ၌ လယ်လှဆည်ရေကျိုးပေါက်မှုကြောင့် ပုတီးချောင်းရေမြင့်တက်လာသဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

18 Pic 01

===================================================
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ စည်တိုင်းကျေးရွာအုပ်စု၊ စည်တိုင်း (လယ်) ကျေးရွာ၌ (၁၄-၆-၂၀၁၈) ရက်နေ့တွင် လယ်လှဆည်ရေကျိုးပေါက်မှုကြောင့် ပုတီးချောင်းရေမြင့်တက်လာသဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀ိ/-)၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာ (၈၁၉၀၀ိ/-) ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၁၀၈၁၉၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၀) အိမ်ထောင်စာကို (၁၈-၆-၂၀၁၈) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချ ုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေး လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events