ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ဟားခါးမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

18 Pic 01

===================================================
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) နှင့်ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ (၁၈-၆-၂၀၁၈) ရက်နေ့တွင် ဟားခါးမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူစုစုပေါင်း (၁၇) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို (၁၈-၆-၂၀၁၈) ရက်နေ့မှ (၁၉-၆-၂၀၁၈) ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events