===================================================
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာအုပ်စု၊ ဂြစ်ချောင်း (မြို) ရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းပြီး ကမ်းပါးပြိုကျမှုကြောင့် ချောင်းကမ်းပါးအနီးရှိ ဓနိမိုး ဝါးကာ ဝါးခင်း လူနေအိမ် (၁) လုံး ရေစီးနှင့်မျှောပါသွားခဲ့ပြီး အဆိုပါဘေးသင့်အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု(၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၆၈၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁၆၈၀၀ိ/-) အား (၁၈-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။