လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရမ်းဗြဲမြို့နယ်၊ ကညင်ပြိန်ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀ိ/)ကျပ်၊ အိမ်ထောင်စု(၂)စုမှ ဘေးသင့်ပြည်သူ(၇)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စုစာ စုစုပေါင်းငွေသားထောက်ပံ့ငွေ (၉၄၇၀၀ိ/)ကျပ်တို့အား (၁၇-၆-၂၀၁၈)နေ့ တွင် ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မ.ထ.သ ယာဉ်လိုင်းဖြင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#rke_jun2018
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)