ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီး‌ကျေးရွာအုပ်စု၊ တောကျိုးအမာစု‌ကျေးရွာနှင့် မင်္ဂလာ‌သောင်တန်‌း‌ကျေးရွာများရှိ ပင်လယ်ဒီ‌ရေမြင်‌့တက်ပြီး လှိုင်‌းရိုက်ခတ်မှုကိုခံရသည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

17 Pic 01

17 Pic 02

===================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီး‌ကျေးရွာအုပ်စု၊ တောကျိုးအမာစု‌ကျေးရွာနှင့် မင်္ဂလာ‌သောင်တန်‌း‌ကျေးရွာတို့၌ (၁၃-၆-၂၀၁၈) ရက်နေ့နှင့် (၁၄-၆-၂၀၁၈) ရက်‌‌နေ့များတွင် ပင်လယ်ဒီ‌ရေမြင်‌့တက်ပြီး လှိုင်‌းရိုက်ခတ်မှု‌ကြောင်‌့ ပင်‌်လယ်ကမ်‌းစပ်‌‌နေအိမ် (၁၆) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၈) လုံး ယိုင်နဲ့ခဲ့ရာ ပြိုကျခဲ့သည့်အိမ် (၁၆) လုံးအတွက်‌် ကယ်ဆယ်‌‌ရေးပစ္စည်‌း ၁၅ မျိုး (၁၆) အိမ်‌‌ထောင်စာ၊ ယိုင်နဲ့အိမ် (၈) လုံးအတွက် ကယ်ဆယ်‌‌ရေးပစ္စည်‌း ၁၀ မျိုး (၈) အိမ်‌‌ထောင်စာ၊ အိမ်‌‌ဆောက်ပစ္စည်‌းဖိုး‌ငွေ (၁၇၆၀၀၀၀ိ/-)၊ဆန်ဖိုး‌ငွေ (၂၇၀၉၀၀ိ/-) တို့ကို (၁၆-၆-၂၀၁၈) ရက်နေ့တွင် သွား‌ရောက်‌‌ထောက်ပံ့ခဲ့ပြီး ဘေးခံစားရသည်‌့ပြည်သူများအား အား‌ပေးစကား‌ပြောကြားခဲ့ပါသည်။ ထို့‌နောက် ခဲ့ပြီး ယခင်ရွာလယ်လမ်‌းအသုံးပြု‌နေသည်‌့‌နေရာအထိ တိုက်စားခဲ့‌ကြောင်‌း တွေ့ရှိခဲ့ရကာ ပင်လယ်ဒီ‌ရေကျဆင်‌းပြီး ပုံမှန်အချိန်ကျ‌ရောက်သည်နှင်‌့ ဒီ‌ရေဒဏ်ခံနိုင်သည်‌့ ကြီးမြန်သစ်ပင်များ အမြန်‌ပြန်စိုက်နိုင်‌‌ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events