ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ လွိုင်ကော်ခရိုင်အတွင်း လေဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

17 Pic 01

17 Pic 02

===================================================
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇွန်လဒုတိယအပတ်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆုြိမို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ခူးပရာကျေးရွာအုပ်စုနှင့် လိုဘာခိုကျေးရွာအုပ်စုတို့တွင် နေအိမ် (၈) လုံး၊ RC ဘာသာရေးအဆောက်အဦ (၂) လုံး အမိုးလန်ပျက်စီးခဲ့ပြီး ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု (၁၂) စု သေဆုံးသူ (၁) ဦးတို့အတွက် စုစုပေါင်းကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂၀)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၆၅၀၀၀ိ/-)၊ ကျောင်းဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၁၉၁၁၀၀ိ/-)၊ သေဆုံးသူ(၁)ဦးအတွက် (၃၀၀၀၀၀ိ/-)၊ စုစုပေါင်း (၁၄၅၆၁၀၀ိ/-) နှင့် ဖရူဆိုမြို့နယ်ရှိ လေဘေးသင့်ကျေးရွာများဖြစ်သော ရော်ဒေါ်ခေါကျေးရွာအုပ်စုမှ (၂)အိမ်ထောင်၊ သီးဖိုကျေးရွာအုပ်စုမှ (၄)အိမ်ထောင်နှင့် RC ဘာသာရေးအဆောက်အဦ (၁)လုံး၊ ရာဧပရားကျေးရွာအုပ်စုမှ (၁)အိမ်ထောင်နှင့် RCဘာသာရေးကျောင်း(၁)ကျောင်း၊ ကေကောကျေးရွာမှ (၂)အိမ်ထောင်၊ စုစုပေါင်း အမိုးလန်နေအိမ် (၉)လုံးနှင့် ဘာသာရေးအဆောက်အဦး(၂)လုံးအတွက့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၉)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၈၆၄၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၉၄၅၀၀ိ/-)၊ ကျောင်းဆောက်ပစ္စည်းဖိုး (၁၃၁၂၀၀ိ/-)၊ စုစုပေါင်း(၁၀၈၉၇၀၀ိ/-) ကို (၁၄-၆-၂၀၁၈) ရက်နေ့တွင် ဝန်ကြီးချုပ်ခရီးစဉ်အတွင်း သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events