===================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း (၉-၆-၂၀၁၈) ရက်နေ့နှင့် (၁၃-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် (အင်းမ၊ ရေလဲကြီး)ကျေးရွာအုပ်စု၌ အမိုးလန်ခဲ့သည့်နေအိမ် (၂) လုံး၊ ရေလဲကြီးအုပ်စု၊ ဂါတ်ကုန်းကျေးရွာ၌ အမိုးလန်ခဲ့သည့်နေအိမ်(၁)လုံးနှင့် ပိန်းချောင်းအုပ်စု၊ ရွှေဘိုစုကျေးရွာ၌ အမိုးလန်ခဲ့သည့်နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး၊ စုစုပေါင်းတန်ဖိုး (၇၅၃၅၂ိ/-) (ကျပ်ခုနှစ်သောင်းငါးထောင့်သုံးရာငါးဆယ့်နှစ်တိတိ)အား (၁၅-၆-၂၀၁၈)ရက်နေ့၊ (၁၂း၁၅) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ထွေ/အုပ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။