
===================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာအုပ်စုရှိ ထန်းကျွန်းကျေးရွာ၊ ရွာကြီးကျေးရွာနှင့် ကော့မရိုင်းကျေးရွာအုပ်စုရှိ ကျိုက်ပေါင်ကျေးရွာတို့၌ (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၀း၁၅) နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တန်းကျွန်းကျေးရွာ၌ လူနေအိမ် (၁၈) လုံး၊ ရွာကြီးကျေးရွာ၌ လူနေအိမ်(၃၀)လုံးနှင့် ကျိုက်ပေါင်ကျေးရွာ၌ လူနေအိမ်(၁) လုံး စုစုပေါင်းလူနေအိမ် (၄၉) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၄၉) စု လူဦးရေ (၂၃၀) ဦး ဘေးဒုက္ခခံစားခဲ့ရသည့်အတွက် (၁၆-၆-၂၀၁၈) ရက်နေ့တွင် ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး အိမ်ထောင်စု(၄၉)စုစာနှင့် ပျက်စီးနေအိမ် (၄၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၃၂၇၀၀၀၀ိ/-) တို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။